This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, July 15, 2013

ပုလဲမြို့သစ် အိမ်၊ ခြံ၊ မြေ ဈေးနှုန်း ၂၀ ရာခိုင်နှုန်းခန့် မြင့်တက်ဟုဆို

ပြည်ပစက်မှုလုပ်ငန်းများ ဝင်ရောက်မည့် သတင်းကြောင့် လပေါင်းများစွာ ငြိမ်သက်နေသည့် ရန်ကုန်တိုင်းဒေသကြီး ပုလဲမြို့သစ် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများသည် ယခင်ထက် ၂၀ ရာခိုင်နှုန်း ခန့်မြင့်တက် လာကြောင်း အဆိုပါမြို့ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောကြားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာချိန်တွင် ပြည်တွင်းရှိ ဝယ်ရောင်းသမားများနှင့် ငွေပိုရှိသူများက လက်ဦးမှုရယူ ဝယ်ယူလာခြင်းကြောင့် ဈေးနှုန်းများ မြင့်တတ်လာရခြင်း ဖြစ်ကြောင်း ပုလဲမြို့သစ်တွင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ ဦးမြင့်ဇော်က ဆိုသည်။

“ငွေပိုရှိတဲ့သူတွေကတော့ မြေကွက်တွေကို စိတ်ဝင်စားကြတယ်။ နောက်ပြီးတော့ အောင်မင်္ဂလာ အဝေးပြေးဝင်းကိုလည်း ဒီပုလဲဘက်ကို ရွှေ့မယ်လို့ အသံတွေထွက်တော့ မြေဈေးတွေက တက်သွားတာပါ” ဟု ၎င်းကပြောဆိုသည်။

ပုလဲမြို့သစ်ရှိ တစ်ဧကအကျယ်ရှိ မြေကွက်တစ်ကွက်လျှင် ဇွန်လဆန်းပိုင်းက ကျပ်သိန်း ၁၉၀၀၊ ၂၀၀၀ ခန့် ဈေးပေါက်ရာမှ ယခုလတွင် ကျပ်သိန်း ၂၄၀၀၊ ၂၅၀၀ ခန့် ဖြစ်လာကြောင်း ပုလဲမြို့သစ်တွင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ ဦးအေးကျော်က ဆိုသည်။

လက်ရှိတွင် ပုလဲမြို့သစ် အိမ်၊ ခြံ၊ မြေ ဈေးနှုန်း မြင့်တက်လာသော်လည်း အမှန်တကယ် ဝယ်ယူသူ နည်းသောကြောင့် အရောင်းအဝယ်လည်း အနည်းငယ်သာ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပုလဲမြို့သစ်တွင် ၂၀၁၂ ခုနှစ် အစောပိုင်းကလည်း အိမ်၊ ခြံ၊ မြေဈေးနှုန်းများ မြင့်တက်ခဲ့ဖူးပြီး ယခုအကြိမ်တွင် အရောင်းအဝယ်မှာ ယခင်လောက် မဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အိမ်၊ ခြံ၊မြေ အကျိုးဆောင် လုပ်ငန်းများထံမှ သိရသည်။
 

Sunday, July 14, 2013

အရေးကြီးပါတယ်






( အသက်ကို ဥာဏ်စောင့် ၊ ဘာကြောင့် ဖုန်းအကြာကြီး မပြောသင့်သလဲ။ )
4/7/2013

ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် )

အခုပြောမယ့်အကြောင်းအရာလေးကို ပေါ့ပေါ့ဆဆမတွေးပဲ သေချာ တွေးစေချင်ပါတယ် ။ ပြီးရင် ကိုယ်နဲ့ နီးစပ်ရာတွေကိုလည်း ပြန်လည်ဖြန့်ဝေ
ပေးစေချင်ပါတယ် ။ အရင်ဆုံး စမ်းသပ်ချက်လေး တစ်ခုကို ပြော ဖို့လိုပါ တယ် ။ စမ်းသပ်ချက်ပြုလုပ်ဖို့အတွက် သင့်ဆီမှာ မိုဘိုင်းဖုန်း ၂ လုံးနဲ့ ကြက်ဥ သို့မဟုတ် ဘဲဥ တစ်လုံးရှိရပါမယ် ။

ပုံမှာပြထားတဲ့အတိုင်း ဖုန်းနှစ်လုံးအလယ်မှာ ဥ ကိုထားပြီး နေရာချထားလိုက်ပြီး ကျွန်တော်တို့ ဘာတွေ ဆက်ဖြစ် သလဲဆိုတာ လေ့လာကြည့်ကြရအောင် ။

ကဲ နေရာချထားပြီးပြီဆိုရင်တော့ ဖုန်းနှစ်လုံးကို ဆက်သွယ်မှု ( Call ) ကို စတင်လိုက်ပါ ပြီးရင် ၆၅ မိနစ်အထိ ထားပါ မယ် ။ ပထမဆုံး ၁၅ မိနစ်မှာတော့ ဘာမှမဖြစ်သေးပါဘူး ။ ၂၅ မိနစ်လောက်ကြာပြီးတဲ့အခါမှာတော့ ဥ ဟာ ပူစ ပြုလာပါပြီ ။

၄၅ မိနစ်လောက်ရှိလာပြီဖြစ်တဲ့အခါ ဥ ဟာ အရမ်းကို ပူလာပါပြီ ။ သင်ဟာ ၆၅ မိနစ်အထိ ထားမယ် ဆို ရင်တော့ ဥဟာ စားသုံးလို့ရအောင်ကို ကျက်သွားပြီဖြစ်ပါတယ် ။

ကဲ သင်ဘာတွေ မြင်လိုက်ရသလဲ သင်ဘာတွေတွေးမိလိုက်ပါသလဲ ။ မိုဘိုင်းဖုန်းတွေရဲ့ radiation အသံ လှိုင်းတွေက အချိန်အမှတ်တစ်ခုရောက်ပြီဆိုရင် ဥထဲက ပရိုတိန်း တွေကို ကျက်သွားစေနိုင်ပါတယ် ။ ကဲ ဒါဆိုရင် ပရို တိန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ဦးနှောက်ကို ကပ်ပြီး ၄၅ မိနစ်ကျော်ကျော်လောက်ဖုန်းပြောရင် ဘာတွေ ဖြစ်နိုင်ပါသလဲ ။

အလွန်ကို အန္တရာယ်များပါတယ် ။ Nerve လို့ခေါ်တဲ့ အာရုံကြောတွေ ပျက်ဆီးနိုင်သလို မှတ်ဥာဏ်ပိုင်းဆိုရင်ရာ စနစ်တွေ ဟာလည်း radiation တွေကြောင့် ထိခိုက်နိုင်ပါတယ် ။ ဒါ့အပြင် ဒီမိုဘိုင်းဖုန်းတွေကထုတ်တဲ့ အသံ လှိုင်းတွေဟာ လိပ်ပြာတွေကို သေစေနိုင်ပါသတဲ့ ။ ကဲ ကျွန်တော်တို့အားလုံး ဖုန်းပြောမှု ကြာချိန် ကို လျော့ ချကြရအောင်လား ။ တတ်နိုင်သမျှ လိုအပ်သလောက်ပဲပြောဆိုကြပါစို့ ။ ဒီ မက်ဆေ့လေးကိုလည်း သင် ချစ်သော သူငယ်ချင်း နဲ့ ညီအကို မောင်နှမများကို ဝေမျှပေးလိုက်ပါ ။

ကိုသက်တန့် ဆီမှ ကူးယူဖော်ပြပါသည်။






{ မာစတာကီး }
**********

ရှင်တို့ ယောက်ျားတွေက မိန်းမတွေနဲ့ ထည်လဲ အိပ်တော့
“ယောက်ျားကောင်း မောင်းမတစ်ထောင်”တဲ့။
မိန်းမတွေက ယောက်ျား တစ်ယောက်ထက်များပိုအိပ်မိရင်တော
့ မကောင်းတဲ့ မိန်းမ။
ကြေးစားမတဲ့။
အတော်လည်း မတရားတာပဲ။
မိန်းမတွေကိုဆိုရင် နှိမ်ချင်ကြတာပဲ။

အဲဒီတော့ ယောက်ျားတစ်ယောက်က ပြန်ပြောတယ်။

ဒါက ဒီလို ရှိပါတယ် အစ်မကြီးရယ်။
သော့တံတစ်ချောင်းက သော့ခလောက်တွေ အများကြီးကို ဖွင့်နိုင်ရင် “မာစတာကီး”လို့
ခေါ်တယ်လေ။
သော့ခလောက် တစ်ခုကို ဘယ်သော့တံမဆို ဖွင့်နိုင်ရင်တော့ သုံးစားလို့မရတဲ့
သော့ခလောက် ဖြစ်သွားမှာပေါ့....

Saturday, July 13, 2013

အစိုးရရာဇသံကိုအာခံသော UWSA တပ်ဖွဲ့

credit- myanmarupdatechannel.com
ဆုတ်ခွာပေးရန် ငြင်းဆိုခဲ့သော ရှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ်ရှိ ဝသွေး စည်းညီညွတ်ရေး တပ်မတော် (UWSA) တပ် စခန်း တစ်ခုကို အစိုးရ တပ်ဖွဲ့တို့က ယနေ့အထိ ဝိုင်းထားဆဲ ရှိကြောင်း UWSA ၏ ပြင်ပ ဆက်ဆံရေး ဌာန တာဝန်ခံ ဦးဆမ်းခွန်းက ဆိုပါသည်။ “ ရှမ်းပြည်တောင်ပိုင်း တာချီလိတ် ခရိုင်က မိုင်းတုံမြို့နယ်မှာ ရှိတဲ့ ကျွန်တော်တို့ လွယ်ကောင်မူး စခန်းကိုပေါ့ သူတို့က ဆုတ်ခိုင်းတယ်။ ကျနော်တို့က မဆုတ်ဘူး။ အဲဒီတော့ ပြီးခဲ့တဲ့ ဇွန်လ အကုန်ပိုင်း ကနေ ကနေ့အထိ တစ်ပတ်လောက် ရှိပြီး၊ ဝိုင်းခံထား ရဆဲပါ။ မဆုတ်တဲ့ စခန်းတွေ အားလုံးကို ၀ိုင်းတယ်။ တိုက်တော့ မတိုက်ဘူး။ ကျနော်တို့ခေါင်းဆောင် တွေကလည်း ဒီကိစ္စကို ဖြေရှင်းပေးဖို့ ကျိုင်းတုံမြို့ကိုရောက်နေတယ်။ အစိုးရ ဘက်ကတော့ ဖြေရှင်းပေးမယ်လို့ အကြောင်းပြန် ထားပေမဲ့ ယခုအထိ ဘာမှ မဖြေရှင်း ပေးသေးပါဘူး” ဟု ဆိုပါသည်။ အစိုးရ တပ်များသည် ရှမ်းပြည် တောင်ပိုင်းရှိ UWSA တပ်ဖွဲ့ စခန်းများကို စာရင်း ပြုစုပေးရန် တောင်းဆိုနေပြီး၊ တချို့  စခန်းများ ဆုတ်ခွာရန် တောင်းဆိုခဲ့ကြောင်း ဆိုပါသည်။ UWSA တပ်များကလည်း အစိုးရ တပ်များ၏ တောင်းဆိုမှုကို ငြင်းဆန် ရာမှ အစိုးရတပ်များသည် ပြီးခဲ့သည့် ဇွန်လ၂၇ ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း သံလွင်မြစ်ကူး တံတားတာ့ဆန်းမှ တဆင့် လက်နက်ကြီး အပါအဝင် စစ်ကား အစီး၂၀ ဖြင့် ရောက်ရှိလာပြီး အဆိုပါ စခန်းအား ဝိုင်းထားခြင်းဖြစ်သည်ဟု ဆိုပါသည်။ အဆိုပါ စခန်းသည် မိုင်းတုံမြို့နယ် တောင်ဘက် ၁၀ မိုင်ကျော် မဲကင် အရှေ့ဘက် မောက်စလီ အနီး၌ ရှိသော စခန်းဖြစ်ပါသည်။ ဤကဲ့သို့ စခန်း ၀ိုင်းခဲ့သည် အထိ တင်းမာလာခြင်းသည် ပြီးခဲ့သည့် မေလ အတွင်းက မိုင်းယွန်မြို့နယ်ခွဲရှိ UWSA တပ်ဖွဲ့ပိုင် ရော်ဘာခြံ တစ်ခြံကို အစိုးရ တပ်ဖွဲ့မှ လာရောက် သိမ်းလိုက်သည့် အချိန်မှ စပြီး နှစ်ဖက်ကြားစစ်ရေး တင်းမာ လာခဲ့ရာက စခန်းအား ဆုတ်ခွာပေးရန် တောင်းဆိုခဲ့ပြီး နောက်ဆုံး၌ ၀ိုင်းလာသည် အထိ ဖြစ်ခဲ့သည်ဟု တရုတ် ပြည် နယ်စပ်မှ စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇော်က ဆိုပါသည်။ ထို့အပြင် အစိုးရတပ်များသည် UWSA တပ်ဖွဲ့များ၏ တပ်စခန်း အနီးတ၀ိုက်တွင် စခန်းဆောက်လုပ်ပြီး တပ်စွဲလာခြင်းများ ရှိလာနေသဖြင့် နှစ်ဘက် စစ်ရေး တင်မာမှုများ ရှိလာခဲ့ခြင်း ဖြစ်ကြောင်း ဦးဆမ်းခွန်က ဆိုပါသည်။ မိုင်းဆတ်၊ မိုင်းတုံမြို့နယ် အတွင်းမှ ထိုင်းမြန်မာ နယ်စပ် တစ်လျှောက်ရှိ UWSA တောင်ပိုင်း တပ်များသည်အမှတ် ၁၇၁ စစ်ဒေသ အခြေစိုက် တပ်ဖွဲ့များဖြစ်ပြီး ယင်းစစ်ဒေသ၌ တပ်မဟာ (၅) ခု ရှိရာ စုစုပေါင်း အင်အား ၁၅၀၀၀ ခန့် ရှိကြောင်း ခန့်မှန်း ထားပါသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်နှင့် အဖွဲ့သည်လည်း ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့၌ ရှမ်းပြည် အရှေ့ပိုင်း UWSA ဌာနချုပ်သို့ ရောက်ရှိ လာခဲ့သည်။ ၄င်းတို့ သည် UWSA မှ ဒုံးလက်နက် တင်ဆောင်ပြီး ပစ်ခတ်နိုင်သည့် ရဟတ်ယာဉ်များ ဝယ်ယူခြင်း ကိစ္စကို မေးမြန်းခဲ့ကြောင်း UWSA က ဆို ပါသည်။ ဤကဲ့သို့ တင်းမာလာသော အခြေအနေများကြောင့် UWSA သည် ၂၀၁၃ ခု ဇွန်လ တတိယ အပတ်မှ စတင်ပြီး လက်အောက်ခံ တပ်ဖွဲ့များနှင့် ၄င်းတို့၏ မိသားစုဝင်များအား အရေးကြီး ကာလ အဖြစ် သတ်မှတ်ကာ စစ်ရေးသတိ အသင့် ပြင်ဆင်ထားကြရန် အမိန့် ထုတ်ထားကြောင်း မိုင်းတလန်ဒေသခံများက ဆိုပါသည်။

Ref & Credit: ရွှေင်္ဟသာသတင်းဌာန 

Wednesday, July 10, 2013

အိမ်ခြံမြေနှင့်ပတ်သက်၍သိလိုသည်များကို 1211 press 6 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်...






ပင်စင်စား ၀န်ထမ်းများနှင့် အမှန်တကယ် အိမ်ရာလိုအပ် နေသူများ အရစ်ကျ စနစ်ဖြင့် ၀ယ်ယူနိုင်ရေးအတွက် အိမ်ရာဘဏ်တစ်ခု မကြာမီ ဖွင့်လှစ်မည်

ရန်ကုန်မြို့သည် တစ်နိုင်ငံလုံး လူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်ရှိပြီး နိုင်ငံအတွင်း၌ သဘာဝ လူဦးရေ တိုးနှုန်းကြောင့် လည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်း များပြားသည့် မြို့ပြဒေသများသို့ ကျေးလက်ဒေသများမှ ပြောင်းရွှေ့နေထိုင်ခြင်းကြောင့် လည်းကောင်း မြန်မာနိုင်ငံ၏ မြို့ပြဒေသ လူဦးရေ တိုးနှုန်းသည် တဖြည်းဖြည်း မြင့်တက်လာပြီး အခြေခံ အဆောက်အအုံနှင့် ပြည်သူ့အိမ်ရာ လိုအပ်ချက်မှာလည်း မြင့်တက်လျက်ရှိကြောင်း သိရသည်။
တိုးပွားလာသည့် လူဦးရေနှင့်အညီ လိုအပ်သော အိမ်ရာများ ဖြည့်ဆည်းပေးနိုင်ရန်အတွက် အမှန်တကယ် အိမ်ရာလိုအပ်သူ ၀င်ငွေနည်း မိသားစုများ၊ ပင်စင်စား၊ အစိုးရနှင့် ပုဂ္ဂလိက ကုမ္ပဏီ ၀န်ထမ်းများနှင့် ၀င်ငွေပုံမှန် ရှိသူများ အရစ်ကျ စနစ်ဖြင့် အိမ်ရာဝယ်ယူနိုင်ရေးအတွက် အိမ်ရာဘဏ် တစ်ခုကို ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
"ပြည်သူတွေရဲ့ အိမ်ရာလိုအပ်ချက်အတွက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေ တည်ဆောက်ပေးနေသလို အမှန်တကယ် အိမ်ရာလိုအပ် နေသူတွေ အိမ်ရာတွေ ၀ယ်ယူနိုင်ရေး အတွက်လည်း ဆောက်လုပ်ရေး ၀န်ကြီးဌာနက ဘဏ်တစ်ခုကို မကြာမီ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ပင်စင်စားတွေ၊ အစိုးရ ၀န်ထမ်းတွေ ပုဂ္ဂလိက ၀န်ထမ်းတွေနဲ့ ၀င်ငွေပုံမှန် ရှိသူတွေဟာ အကောင့်တစ်ခု ရှိမယ်ဆိုရင် အရစ်ကျစနစ်နဲ့ အိမ်ရာဝယ်ယူနိုင်ဖို့ ဒီဘဏ်ကို ဖွင့်လှစ်ရတာ ဖြစ်ပါတယ်" ဟုလည်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောကြားသည်။
အလားတူ အိမ်ရာကဏ္ဍ ဖွံ့ဖြိုးရေးနှင့် ၀င်ငွေနည်း မိသားစုများ အိမ်ရာပိုင်ဆိုင်ခွင့် ရှိစေရေးအတွက် အိမ်ရာဘဏ်စနစ် (Housing Bank) တစ်ခုအပြင် ၀င်ငွေမှ ရာခိုင်နှုန်းတစ်ခု မဖြစ်မနေ ဖြတ်တောက်စုဆောင်းရေးစနစ် (Saving Fund) ကျင့်သုံး၍ လည်းကောင်း၊ အစိုးရမှ ထပ်ဆောင်းထည့်ဝင်ပေး၍ လည်းကောင်း၊ အိမ်ရာပိုင်ဆိုင်မှုကို အထောက်အပံ့ပေးရန် အစီအစဉ်များ ရေးဆွဲလျက်ရှိကြောင်း သိရသည်။
"သင့်တော်တဲ့ အိမ်ရာဘဏ္ဍာ ငွေစနစ် (Appropriate Housing Finance Mechanism) တစ်ရပ် ထူထောင်ဆောင်ရွက် ပေးခြင်းအားဖြင့် ပြည်သူအများစုရဲ့ ၀ယ်ယူနေထိုင်နိုင်စွမ်းရှိမယ့် အိမ်ရာတွေ တည်ဆောက်ရောင်းချ ပေးနိုင်မှာ ဖြစ်ပါတယ်။ တည်ဆောက်ပြီး အိမ်ရာတွေကို ၀င်ငွေနည်း မိသားစုတွေ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်" ဟု တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
Ref : EMG

Tuesday, July 9, 2013

ပြင်ဦးလွင်မြေကွက်အရောင်း...သိန်း၈၅၀

Credit-ads.com
အိမ်ခြံမြေနှင့်ပက်သတ်၍သိလိုသည်များကို 1211 Press 6 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်......

 ပြင်ဦးလွင်မြို့ ၊ အနီးစခန်း ၊ ဆင်ခေါင်းကြီးရပ်ကွက် ၊ မန္တလေး - လားရှိုးလမ်းမ ကြီးမှ အကွက်ကြီးတကွက်ငုပ် ၊ ရတနာဦးထမင်းဆိုင်အနီး ၊ မြေကွက် ပေ (၃၅x၁၄၀) ။
ဆိတ်ငြိမ်ရပ်ကွက် ၊ ပထ်ဝန်းကျင်သန့် ။ 09444013660 , 092022853

တရုတ်မိုဘိုင်းဖုန်းများ သတိထားသုံးရန်


Credit-thithtoolwin




၁၅၀၀ တန်း ဆင်းကဒ်ကြောင့် အားလုံးဖုန်းကိုင်တော့မယ်လေ။ CDMA ဆိုတော့ တော်တော်များများ အသုံးတည့်မယ့် ဟန်းဆက်မျိုး က တရုတ်ကလာမယ်ထင်တယ်။ ထိုင်းကနေ လည်းလာပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဈေးပေါတိုင်း မသုံးစေချင်ဘူး။

ဒါဆို Techspace က တစ်ယောက်တစ်လုံးဝယ်ပေးမလို့လားလို့ လာဖောက်နေအုံးမယ်။ ပြောချင်တာက ကျန်းမာရေးနဲ့ ဆိုင်ပါတယ်။ တရုတ်ဈေးသက်သာဖုန်းတွေမှာ SAR အတော်လေး မြင့်ပါတယ်။

Specific absorption rate လို့ အရှည်ခေါ်တဲ့ SAR ဆိုတာ ထပ်ရှင်းရရင် power absorbed per mass of tissue လို့ ခေါ်ပါတယ်။ တစ်ရှုး ၁ ကီလိုဂရမ်စာ ပမာဏ ရှိတဲ့ လူ့အသားထဲကို ဝပ်အား ဘယ်လောက်ရှိတဲ့ ရေဒီယို ကြိမ်နှုန်း သို့မဟုတ် electromagnetic field ဘယ်လောက်ရှိတယ်ဆိုတာကို တွက်ချက် ခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့ စမတ်ဖုန်းနဲ့ အခြား Telecommunication ဆစ်စပ် ပစ္စည်း ထုတ်လုပ်မှုတိုင်းမှာ SAR Rating အတွက် စောင့်ကြည့် လေ့လာတဲ့ အဖွဲ့က သီးသန့်ထားရပါတယ်။ မထားနိုင်ရင်တောင် SAR Rating စံချိန်စံညွန်း သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းထောက်ခံချက် ရရှိတဲ့ ကုန်ကြမ်း ပစ္စည်းများကိုသာ အသုံးပြုလို့ စမတ်ဖုန်းများ ထုတ်လုပ် ရပါတယ်။

တရုတ် ဈေးပေါ ဟန်းဆက်မှာ သုံးတဲ့ ကုန်ကြမ်းများက SAR Rating နဲ့ ပက်သက်လို့ အလေးပေး ဖန်တီး၊ဆောင်ရွက်မှု မရှိပါဘူး။ အားလုံးကို မဆိုလိုပါ။ သို့သော် တော်များများ ဖြစ်ပါတယ်။ ကုန်ကြမ်း ပေါပေါသီသီ ရှိတော့ Apple က iPhone 6 စတင်မိတ်ဆက်ပြီး နောက် ၁ ရက်ဆို တရုတ် တရုတ်တို့က ဆင်တူနီးပါး အတုကို ဖန်တီးနိုင်ပါတယ်။ သို့ပေမယ့် အတွင်းက ပစ္စည်းများအတွက် ကျန်းမာရေးနဲ့ ပက်သက်တဲ့ အာမခံချက် သိပ်မရှိပါဘူး။

SAR Rating မြင့်တော့ ဘာဖြစ်လဲလို့ အချို့ ကမေးကြပါလိမ့်မယ်။ ဟုတ်ကဲ့။ သူက ဦးနှောက်ကင်ဆာဖြစ်စေ ပါတယ်။ ဘော်ဒီတစ်ရှူး များကို ရေဒီယိုလှိုင်း များ တိုက်ရိုက်ထိတွေ့မှုကြောင့် တစ်ရှူးများ သေစေပါတယ်။ ဒီတော့ ဆိုးကျိုးက ခဏသုံးလို့ ဘာမှ မဖြစ်ပေမယ့် ရေရှည်ကျရင် စကားပြောလာပါလိမ့်မယ်။ ဖုန်းတစ်လုံးကို တစ်နှစ်သုံးတယ်ပဲထား။ ယင်း ဖုန်းကို တစ်နှစ်လုံး အိပ်ထဲထည့်၊ သွားလေရာသယ်၊ အိပ်ယာဘေးထားအိပ်၊ နေ့မအား၊ ညမနား ပြော၊ ဖြစ်လာမယ့် ဆိုးကျိုးက မတွေးရဲစရာပါပဲ။

ကျနော် တရုတ်ဖုန်း ဈေးကွက်ပျက်အောင် ပြောတာ မဟုတ်ဘူးနော်။ စေတနာနဲ့ပါ။ SAR နဲ့ Connectivity က တိုက်ရိုက်အချိုးကျပါတယ်။ လိုင်းဆွဲအား ကောင်းလေလေ SAR များလေလေ၊ လိုင်းဆွဲအား နည်းလေလေ SAR နည်းလေလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ် နောက် ဆုံး ပေါ် စမတ်ဖုန်းများက တရုတ်စမတ်ဖုန်းနဲ့ မော်ဒယ်နိမ့် စမတ်ဖုန်းများလောက် အများအားဖြင့် လှိုင်းဆွဲအား မကောင်းခြင်း ဖြစ်ပါတယ်။

ဥပမာ Samsung Galaxy Note 2 ဆိုရင် သုည ဒသမ နောက်မှာပဲ ရှိပါတယ်။ ခေါင်း ကို 0.17, ဘော်ဒီကို 0.95 W/Kg ပဲ ရှိပါတယ်။ ဖုန်းကို လက်က ကိုင်ပြောပေမယ့် ခေါင်းနဲ့ ကိုယ်ကို ဝင်တဲ့ SAR တွက်ချက်ပုံကလည်း မတူသေးပါဘူး။ effect ကလည်း ကွဲပြားနေလို့ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် SAR အကြောင်းကို သိလို့ စာဖတ်သူတို့ ဆင်ခြင် နိုင် မယ်လို့ မျှော်လင့်ပါတယ်။