Credit-Thit Htoo Lwin
ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါး မြို့နယ်၌ ယနေ့ နံနက် ၃ နာရီက အဆိုတော် သရုပ်ဆောင် ရဲတိုက် အား မူးယစ်ဆေးဝါးနှင့် အတူ ဖမ်းဆီး ရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါး မြို့နယ် ရဲတပ်ဖွဲ့ စခန်း ရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ် မျိုးမြင့်ဦးနှင့် အဖွဲ့သည် ကျောက်တံခါး မြို့နယ်အတွင်း လှည့်ကင်း ဆောင်ရွက်နေစဉ်ကျောက်တံခါးမြို့ စာတိုက်ရပ်ကွက် ဒဂုံမန်း ကားလမ်းပေါ်ရှိ လက်ခ်ျမီး လက်ဖက်ရည် ဆိုင်တွင် မသင်္ကာသူ တစ်ဦးရောက်ရှိနေကြောင်း ဆိုင်ပိုင်ရှင် ဆူးရစ်ကူးမားက လာရောက် အကြောင်းကြားသဖြင့် သက်သေများနှင့် အတူ သွားရောက် စစ်ဆေးရာ ၎င်းမသင်္ကာသူမှာ အဆိုတော် သရုပ်ဆောင် ရဲတိုက် ၃ဝ နှစ် (ဘ) ဦးထွန်းညွန့်မော် ဘုရင့်နောင်လမ်း သန်လျင်မြို့ နေသူဖြစ်ပြီး ၎င်း၏ ကျောပိုးအိတ် အတွင်းမှ Honey Bobyစာတမ်းပါ ကွန်ပါဘူးဖြင့် ထည့်ထား သော အလေးချိန် တစ်ကျပ်သား ခန့်ရှိသည့် ဆေးခြောက်ဟု ယူဆရသော အရွက်ခြောက်ဘူး တစ်ဘူးနှင့် ငွေစက္ကူ နှစ်သိန်း တို့အား ရှာဖွေတွေ့ရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတိုက်အား ကျောက်တံခါး ရဲစခန်းက မယ(၄/၂ဝ၁၃) မူးယစ်ဆေးဝါး သုံးစွဲရန်နှင့် လက်ဝယ် ထားရှိသူ မူးယစ်ပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။
Written by ကေတု (မြ၀တီ)
0 comments:
Post a Comment