ရန်ကုန်မြို့ ပြည်လမ်းနှင့် ကျွန်းတောလမ်းကြားတွင် တည်ဆောက်ထားသည့် Junction Square Compound ထဲတွင် ပါဝင်သော Extention တစ်ခုဖြစ်သည့် Crystal Tower & Recidence ရှိအခန်းများကို မေလ ၃၁ရက်မှ စတင်ကာ ရောင်းချလျက်ရှိကြောင်း သိရသည်။
Crystal Tower & Recidence ရှိအခန်းများ စတင်ရောင်းချခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ Junction Square တွင် မေလ၃၁ရက် မှ ဇွန်လ၂ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ Crystal Tower သည် ရုံးခန်သီးသန့်သာ ပါဝင်မည်ဖြစ်ပြီး ၁၉ထပ်မြင့်ကာ အခန်းပေါင်း ၁၀၂ခန်းရှိကြောင်း၊ Recidence သည် လူနေသီးသန့်ဖြစ်ကာ ၂၂ထပ်ြမင့်ပြီး အခန်းပေါင်း ၁၃၈ခန်း ပါဝင်ကြောင်းသိရသည်။ ယင်းအဆောက်အုံ ဒီဇိုင်းများကို ထိုင်းနှင့်စင်ကာပူတို့ ကရေးဆွဲပြီး ရွှေတောင် ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီက ဆောက်လုပ်ခြင်း ဖြစ်ကြောင်း၊ အဆောက်အအုံ နှစ်ခုလုံး၏မြေညီထပ်မှ ငါးထပ်အထိကို Shopping Mall ထားရှိသွားမည်ဖြစ်ပြီး ခြောက်ထပ်မြောက်တွင် အပန်းဖြေဧရိယာ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
တည်ဆောက်ချိန်ကို သုံးနှစ်ခွဲခန့် အချိန်ယူမည်ဖြစ်ပြီး မြေအကျယ် စတုရန်းပေ လေးသိန်းကျော်ပေါ်တွင် တည်ဆောက်မည် ဖြစ်ကြောင်းသိရသည်။ အခန်းများရောင်းချရာတွင် အရစ်ကျစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
AKS
0 comments:
Post a Comment