Credit-Thit Htoo Lwin
ရှမ်းပြည်တောင်ပိုင်းမှာ လတ်တလော စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားနေတဲ့
အစိုးရတပ်နဲ့ ၀ တပ်ဖွဲ့တို့အကြား ပြေလည်မှုရစေဖို့ ကာကွယ်ရေးဦးစီးချုပ်
ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဆွေးနွေးမယ်လို့
ယူဒဗလျူအက်စ်အေ ၀ တပ်ဖွဲ့က ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း
မိုင်းတုံမြို့နယ် နားယောင်းရွာမှာ ပြီးခဲ့တဲ့အပတ်အတွင်း အစိုးရတပ်ဘက်က ဝ
တပ်ဖွဲ့ဝင်တွေ ဆန်သယ်တဲ့ခါ ယူနီဖောင်းမ၀တ်ရ၊ လက်နက်မကိုင်ရ စတဲ့ အချက်တွေ
ထိန်းချုပ်တယ်လို့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ)
တရားရေးဌာန ရုံးတာဝန်ခံ ဦးအိုက်လူက ပြောပါတယ်။
ဝ တပ်ဖွဲ့ဘက်ကလည်း
မြန်မာတပ်တွေကို ၂ ဘက်စလုံး ယူနီဖောင်း မ၀တ်ရ၊ လက်နက်မကိုင်ဆောင်ရလို့
ပြန်ပြောရာက နှစ်ဘက်တင်းမာမှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့
အပတ်အတွင်း မိုင်းတုန်း၊ မိုင်းခတ်၊ ပန်ဖ ကျေးရွာတွေဘက်ကို အစိုးရတပ်ဘက်က
အင်အား ၅၀၀ လောက် ထပ်ပြီး ရောက်လာတယ်လို့ ဦးအိုက်လူက ပြောပါတယ်။
နှစ်ဘက်တပ်
တင်းမာနေတဲ့ ကိစ္စကို ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးမယ့်
အကြောင်း ယူဒဗလျုအက်စ်အေဘက်ကို မနေ့ကဘဲ ဖုန်းနဲ့ အကြောင်းကြားလာကြောင်း၊
ဘယ်နေ့၊ ဘယ်ချိန်၊ ဘယ်နေရာမှာ ဆွေးနွေးမယ်ဆိုတာ မသိရကြောင်း ဦးအိုက်လူက
ပြောပါတယ်။
ယူဒဗလျူအက်က်စ်အေ ၀ တပ်ဖွဲ့ဟာ ယခင်
န၀တအစိုးရလက်ထက်ကတည်းက အပစ်အခတ်ရပ်ပြီး အထူးဒေသ ၂ အနေနဲ့
ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေ ရရှိထားတာ ဖြစ်ပါတယ်။
Wednesday, July 3, 2013
ဝတပ်ဖွဲ့နှင့်ကာချုပ်တွေ့ဆုံဆွေးနွေးမည်...
9:46 PM
No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment