This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, July 15, 2013

ပုလဲမြို့သစ် အိမ်၊ ခြံ၊ မြေ ဈေးနှုန်း ၂၀ ရာခိုင်နှုန်းခန့် မြင့်တက်ဟုဆို

ပြည်ပစက်မှုလုပ်ငန်းများ ဝင်ရောက်မည့် သတင်းကြောင့် လပေါင်းများစွာ ငြိမ်သက်နေသည့် ရန်ကုန်တိုင်းဒေသကြီး ပုလဲမြို့သစ် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများသည် ယခင်ထက် ၂၀ ရာခိုင်နှုန်း ခန့်မြင့်တက် လာကြောင်း အဆိုပါမြို့ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောကြားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာချိန်တွင် ပြည်တွင်းရှိ ဝယ်ရောင်းသမားများနှင့် ငွေပိုရှိသူများက လက်ဦးမှုရယူ ဝယ်ယူလာခြင်းကြောင့် ဈေးနှုန်းများ မြင့်တတ်လာရခြင်း ဖြစ်ကြောင်း ပုလဲမြို့သစ်တွင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ ဦးမြင့်ဇော်က ဆိုသည်။

“ငွေပိုရှိတဲ့သူတွေကတော့ မြေကွက်တွေကို စိတ်ဝင်စားကြတယ်။ နောက်ပြီးတော့ အောင်မင်္ဂလာ အဝေးပြေးဝင်းကိုလည်း ဒီပုလဲဘက်ကို ရွှေ့မယ်လို့ အသံတွေထွက်တော့ မြေဈေးတွေက တက်သွားတာပါ” ဟု ၎င်းကပြောဆိုသည်။

ပုလဲမြို့သစ်ရှိ တစ်ဧကအကျယ်ရှိ မြေကွက်တစ်ကွက်လျှင် ဇွန်လဆန်းပိုင်းက ကျပ်သိန်း ၁၉၀၀၊ ၂၀၀၀ ခန့် ဈေးပေါက်ရာမှ ယခုလတွင် ကျပ်သိန်း ၂၄၀၀၊ ၂၅၀၀ ခန့် ဖြစ်လာကြောင်း ပုလဲမြို့သစ်တွင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ ဦးအေးကျော်က ဆိုသည်။

လက်ရှိတွင် ပုလဲမြို့သစ် အိမ်၊ ခြံ၊ မြေ ဈေးနှုန်း မြင့်တက်လာသော်လည်း အမှန်တကယ် ဝယ်ယူသူ နည်းသောကြောင့် အရောင်းအဝယ်လည်း အနည်းငယ်သာ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပုလဲမြို့သစ်တွင် ၂၀၁၂ ခုနှစ် အစောပိုင်းကလည်း အိမ်၊ ခြံ၊ မြေဈေးနှုန်းများ မြင့်တက်ခဲ့ဖူးပြီး ယခုအကြိမ်တွင် အရောင်းအဝယ်မှာ ယခင်လောက် မဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အိမ်၊ ခြံ၊မြေ အကျိုးဆောင် လုပ်ငန်းများထံမှ သိရသည်။
 

Sunday, July 14, 2013

အရေးကြီးပါတယ်






( အသက်ကို ဥာဏ်စောင့် ၊ ဘာကြောင့် ဖုန်းအကြာကြီး မပြောသင့်သလဲ။ )
4/7/2013

ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် )

အခုပြောမယ့်အကြောင်းအရာလေးကို ပေါ့ပေါ့ဆဆမတွေးပဲ သေချာ တွေးစေချင်ပါတယ် ။ ပြီးရင် ကိုယ်နဲ့ နီးစပ်ရာတွေကိုလည်း ပြန်လည်ဖြန့်ဝေ
ပေးစေချင်ပါတယ် ။ အရင်ဆုံး စမ်းသပ်ချက်လေး တစ်ခုကို ပြော ဖို့လိုပါ တယ် ။ စမ်းသပ်ချက်ပြုလုပ်ဖို့အတွက် သင့်ဆီမှာ မိုဘိုင်းဖုန်း ၂ လုံးနဲ့ ကြက်ဥ သို့မဟုတ် ဘဲဥ တစ်လုံးရှိရပါမယ် ။

ပုံမှာပြထားတဲ့အတိုင်း ဖုန်းနှစ်လုံးအလယ်မှာ ဥ ကိုထားပြီး နေရာချထားလိုက်ပြီး ကျွန်တော်တို့ ဘာတွေ ဆက်ဖြစ် သလဲဆိုတာ လေ့လာကြည့်ကြရအောင် ။

ကဲ နေရာချထားပြီးပြီဆိုရင်တော့ ဖုန်းနှစ်လုံးကို ဆက်သွယ်မှု ( Call ) ကို စတင်လိုက်ပါ ပြီးရင် ၆၅ မိနစ်အထိ ထားပါ မယ် ။ ပထမဆုံး ၁၅ မိနစ်မှာတော့ ဘာမှမဖြစ်သေးပါဘူး ။ ၂၅ မိနစ်လောက်ကြာပြီးတဲ့အခါမှာတော့ ဥ ဟာ ပူစ ပြုလာပါပြီ ။

၄၅ မိနစ်လောက်ရှိလာပြီဖြစ်တဲ့အခါ ဥ ဟာ အရမ်းကို ပူလာပါပြီ ။ သင်ဟာ ၆၅ မိနစ်အထိ ထားမယ် ဆို ရင်တော့ ဥဟာ စားသုံးလို့ရအောင်ကို ကျက်သွားပြီဖြစ်ပါတယ် ။

ကဲ သင်ဘာတွေ မြင်လိုက်ရသလဲ သင်ဘာတွေတွေးမိလိုက်ပါသလဲ ။ မိုဘိုင်းဖုန်းတွေရဲ့ radiation အသံ လှိုင်းတွေက အချိန်အမှတ်တစ်ခုရောက်ပြီဆိုရင် ဥထဲက ပရိုတိန်း တွေကို ကျက်သွားစေနိုင်ပါတယ် ။ ကဲ ဒါဆိုရင် ပရို တိန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ဦးနှောက်ကို ကပ်ပြီး ၄၅ မိနစ်ကျော်ကျော်လောက်ဖုန်းပြောရင် ဘာတွေ ဖြစ်နိုင်ပါသလဲ ။

အလွန်ကို အန္တရာယ်များပါတယ် ။ Nerve လို့ခေါ်တဲ့ အာရုံကြောတွေ ပျက်ဆီးနိုင်သလို မှတ်ဥာဏ်ပိုင်းဆိုရင်ရာ စနစ်တွေ ဟာလည်း radiation တွေကြောင့် ထိခိုက်နိုင်ပါတယ် ။ ဒါ့အပြင် ဒီမိုဘိုင်းဖုန်းတွေကထုတ်တဲ့ အသံ လှိုင်းတွေဟာ လိပ်ပြာတွေကို သေစေနိုင်ပါသတဲ့ ။ ကဲ ကျွန်တော်တို့အားလုံး ဖုန်းပြောမှု ကြာချိန် ကို လျော့ ချကြရအောင်လား ။ တတ်နိုင်သမျှ လိုအပ်သလောက်ပဲပြောဆိုကြပါစို့ ။ ဒီ မက်ဆေ့လေးကိုလည်း သင် ချစ်သော သူငယ်ချင်း နဲ့ ညီအကို မောင်နှမများကို ဝေမျှပေးလိုက်ပါ ။

ကိုသက်တန့် ဆီမှ ကူးယူဖော်ပြပါသည်။






{ မာစတာကီး }
**********

ရှင်တို့ ယောက်ျားတွေက မိန်းမတွေနဲ့ ထည်လဲ အိပ်တော့
“ယောက်ျားကောင်း မောင်းမတစ်ထောင်”တဲ့။
မိန်းမတွေက ယောက်ျား တစ်ယောက်ထက်များပိုအိပ်မိရင်တော
့ မကောင်းတဲ့ မိန်းမ။
ကြေးစားမတဲ့။
အတော်လည်း မတရားတာပဲ။
မိန်းမတွေကိုဆိုရင် နှိမ်ချင်ကြတာပဲ။

အဲဒီတော့ ယောက်ျားတစ်ယောက်က ပြန်ပြောတယ်။

ဒါက ဒီလို ရှိပါတယ် အစ်မကြီးရယ်။
သော့တံတစ်ချောင်းက သော့ခလောက်တွေ အများကြီးကို ဖွင့်နိုင်ရင် “မာစတာကီး”လို့
ခေါ်တယ်လေ။
သော့ခလောက် တစ်ခုကို ဘယ်သော့တံမဆို ဖွင့်နိုင်ရင်တော့ သုံးစားလို့မရတဲ့
သော့ခလောက် ဖြစ်သွားမှာပေါ့....

Saturday, July 13, 2013

အစိုးရရာဇသံကိုအာခံသော UWSA တပ်ဖွဲ့

credit- myanmarupdatechannel.com
ဆုတ်ခွာပေးရန် ငြင်းဆိုခဲ့သော ရှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ်ရှိ ဝသွေး စည်းညီညွတ်ရေး တပ်မတော် (UWSA) တပ် စခန်း တစ်ခုကို အစိုးရ တပ်ဖွဲ့တို့က ယနေ့အထိ ဝိုင်းထားဆဲ ရှိကြောင်း UWSA ၏ ပြင်ပ ဆက်ဆံရေး ဌာန တာဝန်ခံ ဦးဆမ်းခွန်းက ဆိုပါသည်။ “ ရှမ်းပြည်တောင်ပိုင်း တာချီလိတ် ခရိုင်က မိုင်းတုံမြို့နယ်မှာ ရှိတဲ့ ကျွန်တော်တို့ လွယ်ကောင်မူး စခန်းကိုပေါ့ သူတို့က ဆုတ်ခိုင်းတယ်။ ကျနော်တို့က မဆုတ်ဘူး။ အဲဒီတော့ ပြီးခဲ့တဲ့ ဇွန်လ အကုန်ပိုင်း ကနေ ကနေ့အထိ တစ်ပတ်လောက် ရှိပြီး၊ ဝိုင်းခံထား ရဆဲပါ။ မဆုတ်တဲ့ စခန်းတွေ အားလုံးကို ၀ိုင်းတယ်။ တိုက်တော့ မတိုက်ဘူး။ ကျနော်တို့ခေါင်းဆောင် တွေကလည်း ဒီကိစ္စကို ဖြေရှင်းပေးဖို့ ကျိုင်းတုံမြို့ကိုရောက်နေတယ်။ အစိုးရ ဘက်ကတော့ ဖြေရှင်းပေးမယ်လို့ အကြောင်းပြန် ထားပေမဲ့ ယခုအထိ ဘာမှ မဖြေရှင်း ပေးသေးပါဘူး” ဟု ဆိုပါသည်။ အစိုးရ တပ်များသည် ရှမ်းပြည် တောင်ပိုင်းရှိ UWSA တပ်ဖွဲ့ စခန်းများကို စာရင်း ပြုစုပေးရန် တောင်းဆိုနေပြီး၊ တချို့  စခန်းများ ဆုတ်ခွာရန် တောင်းဆိုခဲ့ကြောင်း ဆိုပါသည်။ UWSA တပ်များကလည်း အစိုးရ တပ်များ၏ တောင်းဆိုမှုကို ငြင်းဆန် ရာမှ အစိုးရတပ်များသည် ပြီးခဲ့သည့် ဇွန်လ၂၇ ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း သံလွင်မြစ်ကူး တံတားတာ့ဆန်းမှ တဆင့် လက်နက်ကြီး အပါအဝင် စစ်ကား အစီး၂၀ ဖြင့် ရောက်ရှိလာပြီး အဆိုပါ စခန်းအား ဝိုင်းထားခြင်းဖြစ်သည်ဟု ဆိုပါသည်။ အဆိုပါ စခန်းသည် မိုင်းတုံမြို့နယ် တောင်ဘက် ၁၀ မိုင်ကျော် မဲကင် အရှေ့ဘက် မောက်စလီ အနီး၌ ရှိသော စခန်းဖြစ်ပါသည်။ ဤကဲ့သို့ စခန်း ၀ိုင်းခဲ့သည် အထိ တင်းမာလာခြင်းသည် ပြီးခဲ့သည့် မေလ အတွင်းက မိုင်းယွန်မြို့နယ်ခွဲရှိ UWSA တပ်ဖွဲ့ပိုင် ရော်ဘာခြံ တစ်ခြံကို အစိုးရ တပ်ဖွဲ့မှ လာရောက် သိမ်းလိုက်သည့် အချိန်မှ စပြီး နှစ်ဖက်ကြားစစ်ရေး တင်းမာ လာခဲ့ရာက စခန်းအား ဆုတ်ခွာပေးရန် တောင်းဆိုခဲ့ပြီး နောက်ဆုံး၌ ၀ိုင်းလာသည် အထိ ဖြစ်ခဲ့သည်ဟု တရုတ် ပြည် နယ်စပ်မှ စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇော်က ဆိုပါသည်။ ထို့အပြင် အစိုးရတပ်များသည် UWSA တပ်ဖွဲ့များ၏ တပ်စခန်း အနီးတ၀ိုက်တွင် စခန်းဆောက်လုပ်ပြီး တပ်စွဲလာခြင်းများ ရှိလာနေသဖြင့် နှစ်ဘက် စစ်ရေး တင်မာမှုများ ရှိလာခဲ့ခြင်း ဖြစ်ကြောင်း ဦးဆမ်းခွန်က ဆိုပါသည်။ မိုင်းဆတ်၊ မိုင်းတုံမြို့နယ် အတွင်းမှ ထိုင်းမြန်မာ နယ်စပ် တစ်လျှောက်ရှိ UWSA တောင်ပိုင်း တပ်များသည်အမှတ် ၁၇၁ စစ်ဒေသ အခြေစိုက် တပ်ဖွဲ့များဖြစ်ပြီး ယင်းစစ်ဒေသ၌ တပ်မဟာ (၅) ခု ရှိရာ စုစုပေါင်း အင်အား ၁၅၀၀၀ ခန့် ရှိကြောင်း ခန့်မှန်း ထားပါသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်နှင့် အဖွဲ့သည်လည်း ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့၌ ရှမ်းပြည် အရှေ့ပိုင်း UWSA ဌာနချုပ်သို့ ရောက်ရှိ လာခဲ့သည်။ ၄င်းတို့ သည် UWSA မှ ဒုံးလက်နက် တင်ဆောင်ပြီး ပစ်ခတ်နိုင်သည့် ရဟတ်ယာဉ်များ ဝယ်ယူခြင်း ကိစ္စကို မေးမြန်းခဲ့ကြောင်း UWSA က ဆို ပါသည်။ ဤကဲ့သို့ တင်းမာလာသော အခြေအနေများကြောင့် UWSA သည် ၂၀၁၃ ခု ဇွန်လ တတိယ အပတ်မှ စတင်ပြီး လက်အောက်ခံ တပ်ဖွဲ့များနှင့် ၄င်းတို့၏ မိသားစုဝင်များအား အရေးကြီး ကာလ အဖြစ် သတ်မှတ်ကာ စစ်ရေးသတိ အသင့် ပြင်ဆင်ထားကြရန် အမိန့် ထုတ်ထားကြောင်း မိုင်းတလန်ဒေသခံများက ဆိုပါသည်။

Ref & Credit: ရွှေင်္ဟသာသတင်းဌာန 

Wednesday, July 10, 2013

အိမ်ခြံမြေနှင့်ပတ်သက်၍သိလိုသည်များကို 1211 press 6 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်...






ပင်စင်စား ၀န်ထမ်းများနှင့် အမှန်တကယ် အိမ်ရာလိုအပ် နေသူများ အရစ်ကျ စနစ်ဖြင့် ၀ယ်ယူနိုင်ရေးအတွက် အိမ်ရာဘဏ်တစ်ခု မကြာမီ ဖွင့်လှစ်မည်

ရန်ကုန်မြို့သည် တစ်နိုင်ငံလုံး လူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်ရှိပြီး နိုင်ငံအတွင်း၌ သဘာဝ လူဦးရေ တိုးနှုန်းကြောင့် လည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်း များပြားသည့် မြို့ပြဒေသများသို့ ကျေးလက်ဒေသများမှ ပြောင်းရွှေ့နေထိုင်ခြင်းကြောင့် လည်းကောင်း မြန်မာနိုင်ငံ၏ မြို့ပြဒေသ လူဦးရေ တိုးနှုန်းသည် တဖြည်းဖြည်း မြင့်တက်လာပြီး အခြေခံ အဆောက်အအုံနှင့် ပြည်သူ့အိမ်ရာ လိုအပ်ချက်မှာလည်း မြင့်တက်လျက်ရှိကြောင်း သိရသည်။
တိုးပွားလာသည့် လူဦးရေနှင့်အညီ လိုအပ်သော အိမ်ရာများ ဖြည့်ဆည်းပေးနိုင်ရန်အတွက် အမှန်တကယ် အိမ်ရာလိုအပ်သူ ၀င်ငွေနည်း မိသားစုများ၊ ပင်စင်စား၊ အစိုးရနှင့် ပုဂ္ဂလိက ကုမ္ပဏီ ၀န်ထမ်းများနှင့် ၀င်ငွေပုံမှန် ရှိသူများ အရစ်ကျ စနစ်ဖြင့် အိမ်ရာဝယ်ယူနိုင်ရေးအတွက် အိမ်ရာဘဏ် တစ်ခုကို ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
"ပြည်သူတွေရဲ့ အိမ်ရာလိုအပ်ချက်အတွက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေ တည်ဆောက်ပေးနေသလို အမှန်တကယ် အိမ်ရာလိုအပ် နေသူတွေ အိမ်ရာတွေ ၀ယ်ယူနိုင်ရေး အတွက်လည်း ဆောက်လုပ်ရေး ၀န်ကြီးဌာနက ဘဏ်တစ်ခုကို မကြာမီ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ပင်စင်စားတွေ၊ အစိုးရ ၀န်ထမ်းတွေ ပုဂ္ဂလိက ၀န်ထမ်းတွေနဲ့ ၀င်ငွေပုံမှန် ရှိသူတွေဟာ အကောင့်တစ်ခု ရှိမယ်ဆိုရင် အရစ်ကျစနစ်နဲ့ အိမ်ရာဝယ်ယူနိုင်ဖို့ ဒီဘဏ်ကို ဖွင့်လှစ်ရတာ ဖြစ်ပါတယ်" ဟုလည်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောကြားသည်။
အလားတူ အိမ်ရာကဏ္ဍ ဖွံ့ဖြိုးရေးနှင့် ၀င်ငွေနည်း မိသားစုများ အိမ်ရာပိုင်ဆိုင်ခွင့် ရှိစေရေးအတွက် အိမ်ရာဘဏ်စနစ် (Housing Bank) တစ်ခုအပြင် ၀င်ငွေမှ ရာခိုင်နှုန်းတစ်ခု မဖြစ်မနေ ဖြတ်တောက်စုဆောင်းရေးစနစ် (Saving Fund) ကျင့်သုံး၍ လည်းကောင်း၊ အစိုးရမှ ထပ်ဆောင်းထည့်ဝင်ပေး၍ လည်းကောင်း၊ အိမ်ရာပိုင်ဆိုင်မှုကို အထောက်အပံ့ပေးရန် အစီအစဉ်များ ရေးဆွဲလျက်ရှိကြောင်း သိရသည်။
"သင့်တော်တဲ့ အိမ်ရာဘဏ္ဍာ ငွေစနစ် (Appropriate Housing Finance Mechanism) တစ်ရပ် ထူထောင်ဆောင်ရွက် ပေးခြင်းအားဖြင့် ပြည်သူအများစုရဲ့ ၀ယ်ယူနေထိုင်နိုင်စွမ်းရှိမယ့် အိမ်ရာတွေ တည်ဆောက်ရောင်းချ ပေးနိုင်မှာ ဖြစ်ပါတယ်။ တည်ဆောက်ပြီး အိမ်ရာတွေကို ၀င်ငွေနည်း မိသားစုတွေ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်" ဟု တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
Ref : EMG

Tuesday, July 9, 2013

ပြင်ဦးလွင်မြေကွက်အရောင်း...သိန်း၈၅၀

Credit-ads.com
အိမ်ခြံမြေနှင့်ပက်သတ်၍သိလိုသည်များကို 1211 Press 6 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်......

 ပြင်ဦးလွင်မြို့ ၊ အနီးစခန်း ၊ ဆင်ခေါင်းကြီးရပ်ကွက် ၊ မန္တလေး - လားရှိုးလမ်းမ ကြီးမှ အကွက်ကြီးတကွက်ငုပ် ၊ ရတနာဦးထမင်းဆိုင်အနီး ၊ မြေကွက် ပေ (၃၅x၁၄၀) ။
ဆိတ်ငြိမ်ရပ်ကွက် ၊ ပထ်ဝန်းကျင်သန့် ။ 09444013660 , 092022853

တရုတ်မိုဘိုင်းဖုန်းများ သတိထားသုံးရန်


Credit-thithtoolwin




၁၅၀၀ တန်း ဆင်းကဒ်ကြောင့် အားလုံးဖုန်းကိုင်တော့မယ်လေ။ CDMA ဆိုတော့ တော်တော်များများ အသုံးတည့်မယ့် ဟန်းဆက်မျိုး က တရုတ်ကလာမယ်ထင်တယ်။ ထိုင်းကနေ လည်းလာပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဈေးပေါတိုင်း မသုံးစေချင်ဘူး။

ဒါဆို Techspace က တစ်ယောက်တစ်လုံးဝယ်ပေးမလို့လားလို့ လာဖောက်နေအုံးမယ်။ ပြောချင်တာက ကျန်းမာရေးနဲ့ ဆိုင်ပါတယ်။ တရုတ်ဈေးသက်သာဖုန်းတွေမှာ SAR အတော်လေး မြင့်ပါတယ်။

Specific absorption rate လို့ အရှည်ခေါ်တဲ့ SAR ဆိုတာ ထပ်ရှင်းရရင် power absorbed per mass of tissue လို့ ခေါ်ပါတယ်။ တစ်ရှုး ၁ ကီလိုဂရမ်စာ ပမာဏ ရှိတဲ့ လူ့အသားထဲကို ဝပ်အား ဘယ်လောက်ရှိတဲ့ ရေဒီယို ကြိမ်နှုန်း သို့မဟုတ် electromagnetic field ဘယ်လောက်ရှိတယ်ဆိုတာကို တွက်ချက် ခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့ စမတ်ဖုန်းနဲ့ အခြား Telecommunication ဆစ်စပ် ပစ္စည်း ထုတ်လုပ်မှုတိုင်းမှာ SAR Rating အတွက် စောင့်ကြည့် လေ့လာတဲ့ အဖွဲ့က သီးသန့်ထားရပါတယ်။ မထားနိုင်ရင်တောင် SAR Rating စံချိန်စံညွန်း သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းထောက်ခံချက် ရရှိတဲ့ ကုန်ကြမ်း ပစ္စည်းများကိုသာ အသုံးပြုလို့ စမတ်ဖုန်းများ ထုတ်လုပ် ရပါတယ်။

တရုတ် ဈေးပေါ ဟန်းဆက်မှာ သုံးတဲ့ ကုန်ကြမ်းများက SAR Rating နဲ့ ပက်သက်လို့ အလေးပေး ဖန်တီး၊ဆောင်ရွက်မှု မရှိပါဘူး။ အားလုံးကို မဆိုလိုပါ။ သို့သော် တော်များများ ဖြစ်ပါတယ်။ ကုန်ကြမ်း ပေါပေါသီသီ ရှိတော့ Apple က iPhone 6 စတင်မိတ်ဆက်ပြီး နောက် ၁ ရက်ဆို တရုတ် တရုတ်တို့က ဆင်တူနီးပါး အတုကို ဖန်တီးနိုင်ပါတယ်။ သို့ပေမယ့် အတွင်းက ပစ္စည်းများအတွက် ကျန်းမာရေးနဲ့ ပက်သက်တဲ့ အာမခံချက် သိပ်မရှိပါဘူး။

SAR Rating မြင့်တော့ ဘာဖြစ်လဲလို့ အချို့ ကမေးကြပါလိမ့်မယ်။ ဟုတ်ကဲ့။ သူက ဦးနှောက်ကင်ဆာဖြစ်စေ ပါတယ်။ ဘော်ဒီတစ်ရှူး များကို ရေဒီယိုလှိုင်း များ တိုက်ရိုက်ထိတွေ့မှုကြောင့် တစ်ရှူးများ သေစေပါတယ်။ ဒီတော့ ဆိုးကျိုးက ခဏသုံးလို့ ဘာမှ မဖြစ်ပေမယ့် ရေရှည်ကျရင် စကားပြောလာပါလိမ့်မယ်။ ဖုန်းတစ်လုံးကို တစ်နှစ်သုံးတယ်ပဲထား။ ယင်း ဖုန်းကို တစ်နှစ်လုံး အိပ်ထဲထည့်၊ သွားလေရာသယ်၊ အိပ်ယာဘေးထားအိပ်၊ နေ့မအား၊ ညမနား ပြော၊ ဖြစ်လာမယ့် ဆိုးကျိုးက မတွေးရဲစရာပါပဲ။

ကျနော် တရုတ်ဖုန်း ဈေးကွက်ပျက်အောင် ပြောတာ မဟုတ်ဘူးနော်။ စေတနာနဲ့ပါ။ SAR နဲ့ Connectivity က တိုက်ရိုက်အချိုးကျပါတယ်။ လိုင်းဆွဲအား ကောင်းလေလေ SAR များလေလေ၊ လိုင်းဆွဲအား နည်းလေလေ SAR နည်းလေလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ် နောက် ဆုံး ပေါ် စမတ်ဖုန်းများက တရုတ်စမတ်ဖုန်းနဲ့ မော်ဒယ်နိမ့် စမတ်ဖုန်းများလောက် အများအားဖြင့် လှိုင်းဆွဲအား မကောင်းခြင်း ဖြစ်ပါတယ်။

ဥပမာ Samsung Galaxy Note 2 ဆိုရင် သုည ဒသမ နောက်မှာပဲ ရှိပါတယ်။ ခေါင်း ကို 0.17, ဘော်ဒီကို 0.95 W/Kg ပဲ ရှိပါတယ်။ ဖုန်းကို လက်က ကိုင်ပြောပေမယ့် ခေါင်းနဲ့ ကိုယ်ကို ဝင်တဲ့ SAR တွက်ချက်ပုံကလည်း မတူသေးပါဘူး။ effect ကလည်း ကွဲပြားနေလို့ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် SAR အကြောင်းကို သိလို့ စာဖတ်သူတို့ ဆင်ခြင် နိုင် မယ်လို့ မျှော်လင့်ပါတယ်။


ဗုဒ္ဓဂယာ ပဒေသာဗုံး ပေါက်ကွဲမှုများအပေါ် အစိုးရနှင့် ဒေါ်စု ဝေဖန်

Credit-thithtoolwin
အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာတွင် တနင်္ဂနွေနေ့ နံနက်က ဗုံးများ ဆက်တိုက် ပေါက်ကွဲခဲ့မှုနှင့် ပတ်သက်၍ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က ၎င်းတို့၏ စိုးရိမ်ကြောင့်ကြမှုများကို ထုတ်ဖော်ပြောဆိုလိုက်သည်။

အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် ရန်ဂျန် မာသိုင်း Ranjan Mathai က မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်မူ ရန်ကုန်တွင် တွေ့ဆုံခဲ့ရာ ၎င်းတို့၏ သဘောထားကို ကြားသိခဲ့ရခြင်းဖြစ်ကြောင်း အိန္ဒိယ နေ့စဉ်ထုတ် သတင်းစာများက ရေးသားကြသည်။

မြန်မာဝန်ကြီးအနေဖြင့် တနင်္ဂနွေအဖြစ်အပျက်နှင့် အကြမ်းဖက်သမားများ ကွန်ယက်ဖွဲ့နေမှုကို ရှုတ်ချ ပြစ်တင်ဝေဖန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည့်နေဖြင့် အဆိုပါ အဖြစ်အပျက်အပေါ် ထိခိုက် တုန်လှုပ်မိရကြောင်းနှင့် လုံခြုံရေး ပိုမိုချထားပေးရန် မျှော်လင့်ကြောင်း အိန္ဒိယ သတင်းစာများက ဆိုသည်။

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရရှိချက်များကိုလည်း မြန်မာနိုင်ငံနှင့် မျှဝေသွားမည်ဟု မစ္စတာ မာသိုင်း က ပြောဆိုခဲ့သည်။

“ရရှိလာတဲ့ စုံစမ်းစစ်ဆေးမှုတွေကို မြန်မာနိုင်ငံနဲ့ မျှဝေသွားမှာပါ။ ဗုဒ္ဓဂယာကို ငြိမ်းချမ်းပြီး ဘုရားဖူးရာအရပ်အဖြစ် ဆက်လက် တည်နေစေပါမယ်”

ထို့ပြင် နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်း တည်ဆောက်သွားမည်ဟု ဆိုသည်။

ဒဏ်ရာရ မြန်မာသံဃာတော်၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ရမယ့် အန္တရာယ် မရှိတော့ဘဲ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားကြောင်း အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန်က ပြောဆိုခဲ့သည်။

ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဂယာတွင် တနင်္ဂနွေ နံနက်စောပိုင်းက နာရီဝက်အတွင်း ဗုံး ကိုးလုံး ဆက်တိုက်ပေါက်ကွဲခဲ့ရမှုနှင့် ပတ်သက်၍ အိန္ဒိယ၏ သံခင်းတမန်ခင်း ဆက်ဆံရေးတွင် အရှက်ရစရာတခု ဖြစ်လာခဲ့သည်။ အထူးသဖြင့် ဗုဒ္ဓဘာသာ အများစု နေထိုင်ရာ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ တရုတ်၊ ဂျပန်၊ ဘူတန်နိုင်ငံတို့နှင့် ဖြစ်သည်။ ထိုနိုင်ငံများအတွက် အိန္ဒိယမှာ ကမ္ဘာ့ဗုဒ္ဓဘာသာအသိုင်းအဝိုင်းအတွင်း ထူးခြားမှု ရှိနေသည်။

ထို့ကြောင့် နိုင်ငံတကာဆိုင်ရာ ဘာသာရေး အဆောက်အအုံများအား လုံခြုံရေး နှစ်ဆတိုးမြှင့်ချထားဖို့ ဖြစ်လာခဲ့ပြီး အိမ်နီးချင်း နိုင်ငံများ၊ အထူးသဖြင့် မူဆလင်များနှင့် ဗုဒ္ဓဘာသာများအကြား ပဋိပက္ခများ ဖြစ်ပွားနေသည့် နိုင်ငံများ လုံခြုံရေးပိုင်းတွင် အိန္ဒိယအနေနှင့် ပိုမိုစွမ်းသန်သည့် ကဏ္ဍမှ ပါဝင်ဖို့ လိုအပ်လာကြောင်း သတင်းစာများက ထောက်ပြကြသည်။

မဟာဗောဓိ ပရဝုဏ်အတွင်းတွင်ပင် ဗုံး လေးလုံး ပေါက်ကွဲခဲ့ရာ PhD ဘွဲ့ယူရန် ပညာသင် ရောက်ရှိနေသော မြန်မာသံဃာတပါးနှင့် တိဘက်လူမျိုးတဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး ဂါယာဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေရသည်။

လုံခြုံရေး ကင်မရာများ၏ မှတ်တမ်းများအရ မသင်္ကာသူ နှစ်ဦးကို ပုံဖော်နိုင်ခဲ့ပြီး စုံစမ်းထောက်လှမ်းရာမှ တဦးကို တနင်္လာနေ့က ဖမ်းဆီးရမိပြီး စစ်ဆေးနေဆဲဖြစ်သည်။
 

Monday, July 8, 2013

အိမ်ခြံမြေနှင့်ပတ်သက်သောဝန်ဆောင်မှုများအား 1211 press 6 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်...အကျိုးဆောင်ခ(လုံးဝ)မယူပါ..



 တိုက်ခန်းရောင်းမည်
ကမာရွတ် ၊ ရွှေမာလာရိပ်မွန် ၊ ( ၁၁၀၀ ) sqft ၊ 1 MBR ၊ 2 BR ၊ 3 A/C ၊ ပြင်ပြီး ၊ ကျွန်းပါကေးခင်း ၊
သိန်း ( ၁၁၀၀ ) ။
ဆက်သွယ်ရန် - ၀၉ ၈၆၁ ၃၃၈၈ ။

Friday, July 5, 2013

သရုပ်ဆောင် ရဲတိုက် ဆေးခြောက်ဟု ယူဆရသော အရွက်များနှင့် ဖမ်းမိ






Credit-Thit Htoo Lwin

ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါး မြို့နယ်၌ ယနေ့ နံနက် ၃ နာရီက အဆိုတော် သရုပ်ဆောင် ရဲတိုက် အား မူးယစ်ဆေးဝါးနှင့် အတူ ဖမ်းဆီး ရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ  ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါး မြို့နယ် ရဲတပ်ဖွဲ့ စခန်း ရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ် မျိုးမြင့်ဦးနှင့် အဖွဲ့သည်  ကျောက်တံခါး မြို့နယ်အတွင်း လှည့်ကင်း ဆောင်ရွက်နေစဉ်ကျောက်တံခါးမြို့ စာတိုက်ရပ်ကွက် ဒဂုံမန်း ကားလမ်းပေါ်ရှိ လက်ခ်ျမီး လက်ဖက်ရည် ဆိုင်တွင် မသင်္ကာသူ တစ်ဦးရောက်ရှိနေကြောင်း ဆိုင်ပိုင်ရှင် ဆူးရစ်ကူးမားက လာရောက် အကြောင်းကြားသဖြင့် သက်သေများနှင့် အတူ သွားရောက် စစ်ဆေးရာ ၎င်းမသင်္ကာသူမှာ အဆိုတော် သရုပ်ဆောင် ရဲတိုက် ၃ဝ နှစ် (ဘ) ဦးထွန်းညွန့်မော် ဘုရင့်နောင်လမ်း သန်လျင်မြို့ နေသူဖြစ်ပြီး ၎င်း၏ ကျောပိုးအိတ် အတွင်းမှ  Honey Bobyစာတမ်းပါ  ကွန်ပါဘူးဖြင့် ထည့်ထား သော အလေးချိန် တစ်ကျပ်သား ခန့်ရှိသည့်  ဆေးခြောက်ဟု ယူဆရသော အရွက်ခြောက်ဘူး တစ်ဘူးနှင့် ငွေစက္ကူ နှစ်သိန်း တို့အား ရှာဖွေတွေ့ရသည်။  ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတိုက်အား ကျောက်တံခါး ရဲစခန်းက မယ(၄/၂ဝ၁၃) မူးယစ်ဆေးဝါး သုံးစွဲရန်နှင့် လက်ဝယ် ထားရှိသူ မူးယစ်ပုဒ်မ ၁၅/၁၆(ဂ)ဖြင့်  အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

Written by  ကေတု (မြ၀တီ)

တန်ဖိုးနည်း အသုံးတည့်သည့် ကွန်တိန်နာအိမ်များ

Credit-aks.com

အမေရိကန်၏ နှစ်ပေါင်း(၅၀)အတွင်းတိုးပွားသော လူဦးရေ၊ မြင့်မားတီထွင်လာသော နည်းပညာအရ လူတို့၏စားမှု၊ ၀တ်မှု၊ နေမှုသည်လည်း အကျပ်အတည်း နှင့် ရင်ဆိုင်ရသလို ဘေးထွက်စွန့်ပစ် ပစ္စည်း များလည်း စုပုံလာကြသည်။ ရာသီဥတုလည်း ဖောက်ပြန်ပြောင်းလဲခဲ့ရသည်။ သို့ဖြစ်၍ စွန့်ပစ်ပစ္စည်းများကို ပြန်အသုံးချခြင်း (Recycle) စနစ်ကိုသုံးစွဲခဲ့ရာတွင် လူသားတို့နေထိုင်ရန်အတွက် အဓိကအရေးကြီး သောနေအိမ်ကို အသုံးမပြုတော့သည့် သင်္ဘောတင်ကွန်တိန်နာ သံသေတ္တာမျိုးစုံကို အိမ်အဖြစ်ဖန်တီးခဲ့ရာ (ပုံစံ-၂၂) မျိုးတီထွင်ပြီး အင်ဂျင်နီယာများ တည်ဆောက် သုံးတည့်လျက်ရှိကြောင်း သတင်းကဆို၏။ ယခင်က ပင်လယ်ရပ်ခြားကုန်ပစ္စည်း ပို့ရာတွင် သဘောင်္ ၀မ်းခေါင်းတွင်းထည့်၍ သယ်သော်လည်း ခေတ်သစ်တွင် အလျားအနံအချိုးကျသော ဖရိန်တောင့်တင်း ပြီးမိုးလုံလေလုံ ကွန်တိန်နာ(သံသေတ္တာများ) တွင်ထည့်ပို့ခြင်းဖြင့် ပစ္စည်းလည်းအပျက်စီးနည်း၊ ၀န်ချိန်လည်းပိုပါလာသည။် သို့ရာတွင် ယင်းကွန်တိန်နာများကလည်း ပြန်မသုံးသဖြင့်ဒေသတွင် စုပုံလာသဖြင့် ပြဿနာတစ်ခုတိုးလာသည်။ သို့ဖြစ်အဆိုပါ ကွန်တိန်နာများကို အိမ်အဖြစ်တီထွင်ခဲ့ရာ လုံးချင်းတစ်ထပ်အိမ်၊ အခန်းတွဲတစ်ထပ်အိမ်၊ တစ်ထပ်အိမ်တွင်း၌ ထပ်ခိုးပါအိမ်၏ အဆောင်မြိုင်အိမ်ပုံစုံ (၂၂)မျိုးပေါ်ထွက်လာသည်။ ကွန်တိန်နာများကို အိမ်မဖြစ်ဖန်တီးရာ၌ ငွေကုန်အချိန် ကုန်သက်သာခြင်း ၊ လေဒဏ်မိုးဒဏ်ခံနိုင်သည့်အပြင် အိမ်များကိုအောက်ခံအုတ်ခုံတွင်တင်ထားသဖြင့် မြေငလျင်လှုပ်သော်လည်း ပြိုကျနိုင်ခြင်းမရှိပေ။ စိတ်ကြိုက်ပုံစံဖြင့် မြင်ကွင်းလင်းလင်းလိုပါက ကွန်တိန်နာဘေးခြမ်းကို ဖြတ်ထုတ်မှန်တပ်နိုင်ခြင်း၊ စိတ်ကြိုက်အရောင်ခြယ်နိုင်ခြင်း၊ ထိန်းသိမ်း ခလည်းသက် သာသည့် အဲယားကွန်တပ်ရန် အဆင်ပြေခြင်း၊ ကိုးလ်စတိုးအဖြစ်သုံးရန် စရိတ်သက်သာ ခြင်းတို့ကြောင်း ရွှေမြန်မာတို့မှာကွန်တိန်နာများရှိပါက အိမ်အဖြစ်ပြောင်းလဲရန် အကျိုးဆောင်ကသတင်းပို့ပါသည်။

အိမ်၊ ခြံ၊ မြေ ဈေးကစားသူများကြောင့် စီမံကိန်း နေရာများ မထုတ်ပြန်ရဲဟု သမ္မတရုံးဝန်ကြီးဆို

 credit-ThitHtooLwin
အိမ်ခြံမြေနှင့်ပတ်သက်၍သိရှိလိုသည်များကို 1211 press 6 သို့ခေါ်ဆိုမေးမြန်းနိုင်ပါကြောင်း......

ရန်ကုန် အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များ၏ ဈေးကစားမှု ရန်ကြောင့် အစိုးရ၏ စီမံကိန်း လုပ်ငန်း နေရာများကို အမှန်အတိုင်း မထုတ်ပြန်ရဲကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ပြောကြားသည်။

နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် အစိုးရအဖွဲ့မှ ဝန်ကြီးအချို့နှင့် ပြည်တွင်းပြည်ပ မီဒီယာများ တွေ့ဆုံပွဲတွင် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

စက်မှုဇုန် စီမံကိန်း၊ အိမ်ရာစီမံကိန်း၊ လေဆိပ် စီမံကိန်းစသည့် စီမံကိန်း သတင်းများကြောင့် ယင်းစီမံကိန်း ဧရိယာဝန်းကျင် အနီးရှိ မြေယာဈေးများ အဆမတန် မြင့်တက်သွားလေ့ ရှိကြောင်း၊ အဆိုပါ ကိစ္စရပ်များမှာ မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြားတွင် အစိုးရစီမံကိန်း ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး အမြဲတမ်း ဖြစ်ပေါ်လေ့ ရှိသဖြင့် အစိုးရ စီမံကိန်းများကို အမှန်အတိုင်း မကြေညာဝံ့ကြောင်း သမ္မတရုံးဝန်ကြီးက ပြောကြားသည်။

“စီမံကိန်းက တောင်မှာလုပ်မယ်ဆို မြောက်လို့ ပြောနေရတယ်။ ခု ဒလဆိုလည်းကြည့် မြေဈေးတွေ အဆမတန် တက်ကုန်တယ်။ အဲဒါကြောင့် စီမံကိန်း နေရာကို အမှန်အတိုင်း မပြောရဲတော့ဘူး” ဟု ဦးစိုးသိမ်းက ဆိုသည်။

လတ်တလော ကာလတွင် ညောင်တုန်းမြို့ အနီးတစ်ဝိုက် စက်မှုဇုန် တည်ထောင်မည်ဆိုသည့် သတင်းများကြောင့် မြေဈေးများ မြင့်တက်နေကြောင်း ပြည်တွင်း သတင်းထောက်တစ်ဦးက အဆိုပါ တွေ့ဆုံပွဲတွင် ထောက်ပြခဲ့သည်။

ညောင်တုန်းမြို့တွင် ဘဏ်ခွဲသစ်နှစ်ခု လတ်တလော ဖွင့်လှစ်ခဲ့ပြီး စက်မှုဇုန်သစ်တစ်ခု တည်ထောင်မည် ဆိုသည့် သတင်းများ ထွက်ပေါ်နေကြောင်း အဆိုပါ သတင်းထောက်က ပြောကြားခဲ့ကာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းက အဆိုပါ သတင်းများ မဟုတ်မှန်ကြောင်း ငြင်းဆန်ခဲ့သည်။

“လောလောဆယ်တော့ ညောင်တုန်းမှာ စက်မှုဇုန် စီမံကိန်း မရှိသေးပါဘူး။ အဲဒီကိစ္စ ကျွန်တော်တို့ ဘာမှပြောထားတာ မရှိဘူး” ဟု ဒေါက်တာပွင့်ဆန်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် မြို့သစ်စီမံကိန်း စတင်မည်ဆိုသည့် သတင်းများနှင့် ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်မည့် စီမံကိန်းများကြောင့် ဒလမြို့နှင့် ယင်းမြို့ အနီးရှိ မြေယာ ဈေးနှုန်းများမှာ အဆမတန် မြင့်တက်ခဲ့သည်။

တိုက်ခန်းရောင်းမည်(တာမွေ) ၂၃၅သိန်းညှိနှိုင်း

Credit-ads.com
 အိမ်ခြံမြေအကြောင်းသိလိုသည်များကို 1211press6 သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်....

တာမွေ၊ မေတ္တာညွန့်၊ သမာဓိလမ်း၊ ၆လွှာ (Corner Room)၊(၁၅x၅၀) Hall Type
ဆက်သွယ်ရန် : SG +65 90701871 , YGN 09-73150096
23,500,000 ks | Price is negotiable


Thursday, July 4, 2013

တာမွေမြေညီထပ်တိုက်ခန်းအမြန်ရောင်းမည်...သိန်း(၅၀၀)ညှိနှိုင်း

Credit-ads.com

09-73054106- 09-73165539
မြေညီတိုက်ခန်းငွေပေါ်ရှော့ဈေး တာမွေမြို့နယ်၊ Orange Supermarket၊ ရွှေဗဟိုဆေးရုံ၊ အသောကဈေးနှင့်ကားမှတ်တိုင်အနီးရှိသွားလာရလွယ်ကူပြီး/အိပ်ခန်း(၂)အိမ်သါ(၁)ရေချိုးခန်း(၁)
အဲယါးကွန်း(၁)လုံး။ပါကေးပြည့်။ဘေစဉ်ကြွေပြားပြည့်။အိမ်ကြိုးဖုန်း(၁)လုံးပါ Ceiling ပန်ကာ။ရေကန်။ရေ။မီး။အရန်သင့်လက်တင်နေနိုင်။စီးပွါးလုပ်နိုင်သောနေရာကေါင်း။
သတိပဌာန်လမ်းနောက်လမ်းဇဋိလလမ်းအာသောကမှတ်တိုင်အနီးဒဂုံညွန်ဈေးအနီး
(အမြန်ရောင်းခြင်ပါသည်)ဒီလိုနေရာ။ဒီဈေးနုန်း(လက်လွတ်မခံသင့်ပါ) ဈေးနုန်=သိန်း500ညှိနှိုင်း

အိမ်ခြံမြေနှင့်ပတ်သက်၍စုံစမ်းလိုသည်များကို 1211 press 6 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်....

တိုက်ခန်းရောင်းမည် - ၆လွှာ (၂ထပ်အပါ) အသစ်စက်စက်

- (၁၂.၅' x ၅၀') နှင့် (၁၂.၅' x ၁၅')အပေါ်ထပ်အပါ
- ရေ၊မီးစုံ
- ကြွေပြား၊ ပါကေး ခင်းပြီး
- ကိုယ်ပိုင်မီတာအပါ
- ကိုယ်ပိုင်ရေစက်အပါ
- တိုက်အသစ် လေ၀င်လေထွက်အလွန်ကောင်း
- အာရှတော်ဝင်ဆေးခန်းအနီး အချက်ချာကျသော နေရာတွင်တည်ရှိသည်။

*** ပိုင်ရှင်ကိုယ်တိုင်တိုက်ရိုက်ရောင်းမည်။ (ပွဲစားမလို၊ အကျိုးဆောင်မလို)
ကိုယ်တိုင်ဝယ်လိုမည့်သူများသာ အမြန်ဆက်သွယ်ပါရန်။ ***
Type : အိပ်ခန်း0ခန်း / ရေချိုးခန်း0ခန်း   


အိမ်ခြံမြေနှင့်ပတ်သက်ပြီးသိလိုသည်များကို1211 press 6 ကိုနှိပ်၍စုံစမ်းမေးမြန်းနိုင်ပါသည်။

Junction Square Extention Crystal Tower & Recidence

Credit-AKS အကျိုးဆောင်

ရန်ကုန်မြို့ ပြည်လမ်းနှင့် ကျွန်းတောလမ်းကြားတွင် တည်ဆောက်ထားသည့် Junction Square Compound ထဲတွင် ပါဝင်သော Extention တစ်ခုဖြစ်သည့် Crystal Tower & Recidence ရှိအခန်းများကို မေလ ၃၁ရက်မှ စတင်ကာ ရောင်းချလျက်ရှိကြောင်း သိရသည်။
Crystal Tower & Recidence ရှိအခန်းများ စတင်ရောင်းချခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ Junction Square တွင် မေလ၃၁ရက် မှ ဇွန်လ၂ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ Crystal Tower သည် ရုံးခန်သီးသန့်သာ ပါဝင်မည်ဖြစ်ပြီး ၁၉ထပ်မြင့်ကာ အခန်းပေါင်း ၁၀၂ခန်းရှိကြောင်း၊ Recidence သည် လူနေသီးသန့်ဖြစ်ကာ ၂၂ထပ်ြမင့်ပြီး အခန်းပေါင်း ၁၃၈ခန်း ပါဝင်ကြောင်းသိရသည်။ ယင်းအဆောက်အုံ ဒီဇိုင်းများကို ထိုင်းနှင့်စင်ကာပူတို့ ကရေးဆွဲပြီး ရွှေတောင် ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီက ဆောက်လုပ်ခြင်း ဖြစ်ကြောင်း၊ အဆောက်အအုံ နှစ်ခုလုံး၏မြေညီထပ်မှ ငါးထပ်အထိကို Shopping Mall ထားရှိသွားမည်ဖြစ်ပြီး ခြောက်ထပ်မြောက်တွင် အပန်းဖြေဧရိယာ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
တည်ဆောက်ချိန်ကို သုံးနှစ်ခွဲခန့် အချိန်ယူမည်ဖြစ်ပြီး မြေအကျယ် စတုရန်းပေ လေးသိန်းကျော်ပေါ်တွင် တည်ဆောက်မည် ဖြစ်ကြောင်းသိရသည်။ အခန်းများရောင်းချရာတွင် အရစ်ကျစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
AKS


Wednesday, July 3, 2013

ဧရာဝတီတိုင်းမှာ တောင်သူ ၄ ဦး ဖမ်းဆီးထိန်းသိမ်းခံရ

credit-Thit Htoo Lwin

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရာဇူတိုင်ကျေးရွာအုပ်စု၊ ကညင်ချောင်းကျေးရွာက တောင်သူ ၇ ဦးကို သိမ်းယူထားတဲ့ လယ်ယာမြေတွေထဲမှာ ထွန်ယက်စိုက်ပျိုးလို့ဆိုပြီး မော်လမြိုင်ကျွန်းမြို့နယ် ရဲစခန်းက ဒီကနေ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

တောင်သူတွေအဖမ်းခံရတဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး တောင်သူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီကွန်ရက်က ဦးကြည်လွင်က RFA ကို ပြောပါတယ်။

"ဒီကနေ့ ဖမ်းထားတဲ့အခြေအနေကတော့ အချိန်မီတိုင်ကြားပေမယ့် အချိန်မီဖြေရှင်းမပေးတဲ့ သူတို့အာဏာပိုင်တစ်စုက ပြည်သူကို မတရားဖမ်းတယ်လို့ ကျနော်တို့ကမြင်ပါတယ်၊ ဒီမနက် ၈ နာရီလောက်မှာ ခဏကိစ္စရှိလို့လိုက်ခဲ့ပါဆိုပြီးတော့ ကျိုက်ပိရဲစခန်းကနေ ၇ ဦးခေါ်တဲ့အခါ ၄ ဦးလက်ထိပ်ခတ်ပြီးတော့ မော်လမြိုင်ကျွန်းမြို့နယ် ရဲစခန်းကို ခေါ်သွားတာခင်ဗျ၊ ကြိုင်တင်အကြောင်းကြားခြင်းလည်း ဘာတစုံတရာမှ မရှိပါဘူးခင်ဗျ" တောင်သူ ၇ ဦးကို ရဲစခန်းက လာရောက်ခေါ်ဆောင်သွားပေမယ့် ညနေပိုင်းမှာ ၃ ဦးကို ပြန်လွှတ်လိုက်ပြီး ကျန် ၄ ဦးဖြစ်တဲ့ ဒေါ်တင်ငြိမ်း၊ ဦးစိုးသန်း၊ ဦးလှဌေး၊ ဦးမောင် တို့ကိုတော့ မော်လမြိုင်ကျွန်းမြို့နယ် ရဲစခန်းမှာ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ ၊ ၅ဝ၆ တို့နဲ့ အမှုဖွင့်ထားပြီး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တောင်သူတွေက ပြောပါတယ်။

တောင်သူ ၁၅ ဦး ပိုင်ဆိုင်တဲ့ လယ်ယာမြေဧက ၁၅ဝ ကျော်အတွက် အစိုးရကို ပေးရမယ့်အခွန်မပေးလို့ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက ၁၉၉၈ ခုနှစ်အတွင်း သိမ်းယူခဲ့တာဖြစ်ပါတယ်။ တောင်သူတွေက သက်ဆိုင်ရာ အာဏာပိုင်တွေကို သိမ်းယူခဲ့တဲ့ လယ်ယာမြေမှာ ပြန်လည်လုပ်ကိုင်ခွင့်ရဖို့ အဆင့်ဆင့် စာတင်ခဲ့ပေမယ့် အကြောင်းတစုံတရာ ထူးခြားမှုမရှိခဲ့ဘူးလို့ သိရပါတယ်။

ဒါကြောင့် ပြန်လည်လုပ်ကိုင်ခွင့်ရဖို့ ပြီးခဲ့တဲ့ ဇွန်လဆန်းကစပြီး သိမ်းယူခဲ့တဲ့ လယ်ယာမြေတွေမှာ မနေ့ကအထိ ထွန်ယက်စိုက်ပျိုးခဲ့တဲ့အတွက် မြို့နယ်တရားသူကြီးရဲ့ ဖမ်းဝရမ်းအမိန့်နဲ့ အဖမ်းခံရတာလို့ တောင်သူတွေက ဆိုပါတယ်။

ဝတပ်ဖွဲ့နှင့်ကာချုပ်တွေ့ဆုံဆွေးနွေးမည်...

Credit-Thit Htoo Lwin

ရှမ်းပြည်တောင်ပိုင်းမှာ လတ်တလော စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားနေတဲ့ အစိုးရတပ်နဲ့ ၀ တပ်ဖွဲ့တို့အကြား ပြေလည်မှုရစေဖို့ ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဆွေးနွေးမယ်လို့ ယူဒဗလျူအက်စ်အေ ၀ တပ်ဖွဲ့က ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် နားယောင်းရွာမှာ ပြီးခဲ့တဲ့အပတ်အတွင်း အစိုးရတပ်ဘက်က  ၀ တပ်ဖွဲ့ဝင်တွေ ဆန်သယ်တဲ့ခါ  ယူနီဖောင်းမ၀တ်ရ၊ လက်နက်မကိုင်ရ စတဲ့ အချက်တွေ ထိန်းချုပ်တယ်လို့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) တရားရေးဌာန ရုံးတာဝန်ခံ ဦးအိုက်လူက ပြောပါတယ်။

ဝ တပ်ဖွဲ့ဘက်ကလည်း မြန်မာတပ်တွေကို ၂ ဘက်စလုံး ယူနီဖောင်း မ၀တ်ရ၊ လက်နက်မကိုင်ဆောင်ရလို့ ပြန်ပြောရာက နှစ်ဘက်တင်းမာမှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အပတ်အတွင်း မိုင်းတုန်း၊  မိုင်းခတ်၊ ပန်ဖ ကျေးရွာတွေဘက်ကို အစိုးရတပ်ဘက်က အင်အား ၅၀၀ လောက် ထပ်ပြီး ရောက်လာတယ်လို့ ဦးအိုက်လူက ပြောပါတယ်။

နှစ်ဘက်တပ် တင်းမာနေတဲ့ ကိစ္စကို ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးမယ့် အကြောင်း ယူဒဗလျုအက်စ်အေဘက်ကို မနေ့ကဘဲ ဖုန်းနဲ့ အကြောင်းကြားလာကြောင်း၊ ဘယ်နေ့၊ ဘယ်ချိန်၊ ဘယ်နေရာမှာ ဆွေးနွေးမယ်ဆိုတာ မသိရကြောင်း ဦးအိုက်လူက ပြောပါတယ်။

ယူဒဗလျူအက်က်စ်အေ ၀ တပ်ဖွဲ့ဟာ ယခင် န၀တအစိုးရလက်ထက်ကတည်းက အပစ်အခတ်ရပ်ပြီး အထူးဒေသ ၂ အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေ ရရှိထားတာ ဖြစ်ပါတယ်။


Tuesday, July 2, 2013

အိမ်နှင့်ခြံရောင်းမည်....သိန်း(၁၇၀၀)ညှိနှိုင်း

82(D)မင်းရဲနန္ဒမိတ်လမ်း၊ ရုံးတောင်စုရပ်၊
သန်လျင်၊ 60x80 RC 2ထပ်၊ ကားဂိုဒေါင်၊
MBR 3ခန်း အိမ်အရောင်း…ဂရမ်မြေ....အသေးစိတ်သိလိုပါက 1211ရဲ့နံပါတ် 6 ကိုနိပ်လိုက်နော်.....

ထားကောင်းရောင်းစွံ ..... အိမ်လေးနော်.....

Credit-ads.com.mm

ထားကောင်းရောင်းစွံ ..... အိမ်လေးနော်.....
ဒါမျိုးဈေ: နှင့် အကျယ်အ၀န်း လှိုင်သာယာ FMI CITY မှာတောင်မရဘူးနော်.....
မြို့ထဲးက Condo ဈေးပဲးရှိတယ်.....

နေရာကတော့-VIP တွေပဲးနေတဲ့ ..... သုဝဏ္ဍ၊ VIP (2).....
အကျယ်အ၀န်း- ( ၅၃ x ၇၄ ) ၊ 1RC ၊ 3BR၊ ဂရန် ၊
ဈေးနှုန်း- သိန်း- ၂၇၀၀။
ဆက်သွယ်ရန်- ၀၉ ၈၆၁ ၃၃၈၈ ။
 အိမ်ခြံမြေအကြောင်းသိလိုသည်များကို 1211press6 သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်....

ခြံရောင်းမည်



အိမ်ခြံမြေနှင့်ပတ်သက်သမျှသိရှိလိုပါက1211 press '6' သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Saturday, June 29, 2013

သရုပ်ဆောင် ဘုန်းလျှံ အား စိတ်ကြွဆေးပြားများနှင့် အတူဖမ်းဆီးရမိ

http://www.thithtoolwin.com/
ရန်ကုန်၊ ဇွန် ၂၉

၂၈.၆.၂၀၁၃ ရက်နေ့ (၁၉၀၀) အချိန်တွင် ရုပ်ရှင်နှင့် ဗွီဒီယို သရုပ်ဆောင် ဘုန်းလျှံ အား မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိ သုံးစွဲမှုဖြင့် ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။

ရန်ကုန်အရှေ့ မူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ ဗဟန်းမြို့နယ်ရှိ ELephant Inn အခန်းအမှတ်(၈)တွင် မူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက်ရှာဖွေရာ အခန်းအတွင်း၌ ဟိန်းထူးလင်း(ခ)ဘုန်းလျှံ၊ (ဘ)ဦးလှမောင်သိန်း နှင့် သာကေတမြို့နယ်နှင့် ဦးမောင်ထွန်းလှ၊ (ဘ)ဦးထွန်းအောင်၊ ကျောက်တံတားမြို့နယ် နေသူတို့နှစ်ဦး အားတွေ့ရပြီး မူးယစ်ဆေးဝါး များနှင့် အတူ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

သရုပ်ဆောင် ဘုန်းလျှံ တည်းခို နေထိုင်သည့် အခန်း ခုတင်ခေါင်းရင်း ယာဘက်ဘေး ကြမ်းပြင်ပေါ်မှ ခရီးဆောင် လက်ဆွဲအိတ် အတွင်း၌ Red Ruby စီးကရက်ဘူး အတွင်း ပလပ်စတစ်အိတ်ဖြင့်ထုတ်လျက် WY စာတမ်းပါ စိတ်ကြွဆေးပြား (၄၉)ပြား အလေးချိန် ၄.၉ ဂရမ် (၁) ထုပ်နှင့် ခုတင်ခေါင်းရင်းမှ တိပ်အကြည်ဖြင့် ကပ်လျက် တစ်ရှုးဘူးအတွင်း ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသော WY စာတမ်းပါ စိတ်ကြွဆေးပြား (၉၉) ပြား၊ အလေးချိန် ၉.၉ ဂရမ် (၁) ထုပ် ဖမ်းဆီးရမိခဲ့သည်။

၎င်းအပြင် စားပွဲခုံအောက်မှ စိတ်ကြွဆေးသုံးစွဲရာတွင် အသုံးပြုသည့် ရေသန့်ဗူး၌် ပိုက်ကောက်တပ်လျက်ဗူး (၁)ဗူး၊ အရှည် (၆)လက်မခန့်ရှိ ခဲပြား(၂)ပြား၊ ဂက်စ်မီးခြစ် (၁)လုံး၊ စုစုပေါင်း WY စိတ်ကြွဆေးပြား(၁၄၈)ပြား တန်ဘိုး ၇၄၀၀၀၀ိကျပ် အားတွေ့ရှိ ဖမ်းဆီးရမိသဖြင့် ဗဟန်းမြို့မရဲစခန်း မယ(ပ)၅/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။